Local News

နယ်စပ်ဂိတ်များ ပြန်ဖွင့်၍ ပဲအသစ်များအဝင်ရှိသလောက် အရောင်းသွက် ၊ ဈေးမြင့်လာ

Last Updated:

ဖေဖော်ဝါရီလပထမအပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့မန္တလေးအနီးတဝိုက်မှပဲအသစ်များဝင်ရောက်နေပြီး၊နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်လိုက်သည့်နောက်ပိုင်း ကုန်စည်တင်ပို့မှုအဆင်ပြေလာသောကြောင့်၊ပို့ကုန်ပဲများအဝင်ရှိသလောက်အရောင်းသွက်၍ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲတီစိမ်း(အညာ)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၄၅၀၀၀မှ၁၆၅၀၀၀၊ယခင်တစ်ပတ်ကျပ်၁၄၅၀၀၀မှ၁၅၈၀၀၀၊ယခင်လကျပ်၁၃၅၀၀၀မှ၁၄၀၀၀၀ ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀၊ယခင်လထက်ကျပ်၁၀၀၀၀မှ၂၅၀၀၀မြင့်တက်လာသည်။မြေထောက်ပဲ၅၄ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ် ၂၅၅၀၀၀မှ၂၆၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၄၀၀၀၀မှ၂၅၀၀၀၀၊ယခင်လကျပ်၁၉၀၀၀၀မှ၂၀၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၉၀၀၀မှ၁၅၀၀၀၊ယခင်လထက်ကျပ်၆၀၀၀၀မှ ၆၅၀၀၀မြင့်တက်လာသည်။မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၇၅၀၀၀၊ယခင်တစ်ပတ်ကျပ်၁၆၅၀၀၀မှ၁၆၇၀၀၀၊ယခင်လကျပ်၁၆၁၀၀၀မှ၁၆၃၀၀၀ ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၈၀၀၀မှ၁၀၀၀၀၊ယခင်လထက်ကျပ်၁၂၀၀၀မှ၁၄၀၀၀နိမ့်ကျလာသည်။ပဲစဉ်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ် ၁၈၅၀၀၀၊ယခင်တစ်ပတ်ကျပ်၁၇၂၀၀၀မှ၁၇၂၅၀၀၊ယခင်လကျပ်၁၆၅၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၂၅၀၀မှ၁၃၀၀၀၊ယခင်လထက်ကျပ်၂၀၀၀၀မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News